ဝက်သား နှင့် ခရုဆီကြော်
ဝက်သား နှင့် ခရုဆီကြော်
တရုတ်စတိုင် ၀က်သားနဲ့ ခရုဆီ ကြော်ပါ။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်စားနိုင်ပါတယ်။ ခုပဲ တူတူ ချက်ရအောင်…
ပါဝင်သောပစ္စည်းများ
- ၀က်သား – ၂၀ကျပ်သား (အစောင်း ပါးပါးလှီးပါ)
- ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
- ငရုတ်သီးပွစိမ်း – အကြီး ၁ခု (အစေ့ထုတ်ပြီ ၄စိပ်စိပ်ပါ)
- မုန်လာဥနီ – အကြီး ၁ခု (အစောင်း ပါးပါးလှီးပါ (သို့) သစ်ရွက်ပုံဖော်ပြီ ပါးပါးလှီးထည့်ပါ)
- ကြက်သွန်နီ – ၂လုံး (၄စိပ်စိပ်ပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- နှမ်းဆီ – စားပွဲတင်ဇွန်း တ၀က်
- ကော်မှုန့် – စားပွဲတင်ဇွန်း တ၀က် (ရေအနည်းငယ် ရောဖျော်ထားပါ)
- ကြက်သွန်မြိတ် – တပင် (အရှည်လှီးပါ)
ပြင်ဆင်နည်း
၁။ အရင်ဆုံး ၀က်သားကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ဖြင့် ရောနုယ်ပြီ ဂျုံမှုန့်များ ကပ်ပေးပါ။
၂။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာလျှင် ၀က်သားများကို အညှိရောင်သန်းအထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၂။ ပြီမှ ကြက်သွန်နီထည့်ပြီ မုန်လာဥနီ၊ ငရုတ်သီးပွ(အစိမ်း) ထည့်ကြော်ပေးပါ။
၃။ ဒယ်ထဲ ရေ(ခွက် ၄ပုံ၁ပုံ)၊ ဆား၊ ကြက်သားမှုန့်၊ ခရုဆီ ထည့်ပြီ ရောမွှေပါ။
၎။ ပြီနောက် ကြော်ထားသော ၀က်သားထည့်ပြီ နှမ်းဆီ ဖြူးပေးပါ။
၅။ ရေအနည်းငယ်ကျန်လျှင် ကြက်သွန်မြိတ် ထည့်ပေးပြီ၊ ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်၍ ထည့်ပေးပါ။
၆။ အရသာရှိသော ၀က်သား နှင့် ခရုဆီကြော်ကို သုံးဆောင်လို့ရပါပြီ..