ခရမ်းချဉ်သီးယို....
ဒီခရမ်းချဉ်သီးယိုကို ထိုးနည်းပြောပြပေးမယ်ဆိုတဲ့ကတိအတိုင်းယိုထိုးနည်းကို
တင်ပေးလိုက်ပြီနော်....လုပ်နည်းကိုတင်ပေးချင်လို့ အိမ်မှာ
ခုပြထားတဲ့ တစ်ပန်းကန်လုံးအသေးစာတစ်လုံးပဲထိုးပါတယ်
အဲ့ဒါတောင်မှ ခရမ်းချဉ်သီးက ၆၀ဆယ်သားရှိပါတယ်...
ခု လိုင်ပြထားတဲ့ပုံစံမျိုး အရောင်မျိုး အရသာမျိုးလိုချင်ရင်
ပေးထားတဲ့အချိုးအတိုင်းလုပ်နည်းအတိုင်းသေချာလိုက်လုပ်မယ်ဆိုရပါတယ်နော်...
ပါဝင်ပစ္စည်း...
ခရမ်းချဉ်သီး၆၀သား.....
သကြား၁၅ကျပ်သား
ဆား ကော်ဖီဇွန်းတဇွန်း..
ကွမ်းစားထုံး..အနည်းငယ်..တို့လိုအပ်ပါတယ်...
ယိုထိုးနည်း...
ခရမ်းချဉ်သီးတွေကို ရေစင်အောင်ဆေး ပြီး ထိပ်ကနေ အောက်ကိုမပြတ်စေရ လေးစိတ်စိတ်ပါ...ပြီးရင် ထုံးကိုရေဖျော်ပြီးထိုခရမ်းချဉ်သီးတွေကို လေးနာရီလောက်
ထုံးရေစိမ်ပေးထားရပါ့မယ်...အချိန်စေ့လျှင်ထုံတွေစင်အောင်ရေများများနှင့်ပြောင်စင်အောင်ပြန်ဆေးပေးပါ..ထို့နောက်
ကျိုမည့်အိုးထဲသို့ထည့်.သကြားကိုရေကော်ဖီတစ်ခွက်စာနှင့်
ဖျော်ရည်အမိုက်သဲစစ်၍အိုးထဲသို့ထည့်ပေးပါ .ဆားထည့်ပါ
မီးဖွင့်၍ရေခမ်းသည်ထိကျိုပေးပါ..ဇွန်းနှင့်မမွှေပါနှင့် အိုးကပ်ခါနီးလျှင် အိုးကိုမ၍အသာလူပ်ပေးပါ..မတူးစေပါနှင့်
တူးနံစွဲသွားလျှင် ယိုအနံ့တွင်မမွှေးတော့ပါ..စိတ်ရှည်ရှည်နှင့်
အိုးကိုအသာလူပ်၍လူပ်၍သာလှည့်ပေးပါ...ရေခမ်းလျှင်
နေလှန်းမည့်ဗန်းထဲသို့တစ်လုံးခြင်းစီအသာဆယ်ယူ၍
ဖြန်ပီးနေကျက်ကျက်ပူပူအောက်မှာ၅ရက်လောက်လှန်းပေးရပါတယ်..၃ရက်မြောက်လောက်တွင် ပုံစံပြန်ပြန့်ကြီးဖြစ်နေသောခရမ်းချဉ်သီးတွေကို ခုပုံမှာပြထားသည့်အတိုင်းလက်နှင့်အသာအယာလိုက်စုပေးပါ..အထက်အောက်လှန်ပေးပါ ၅ရက်လောက်ဆိုရင်ပုံပါအတိုင်းသကြားလည်းပွင့် ခြောက်လည်းခြောက် အရောင်လည်းလှ.နှင့်အရမ်းအရသာရှိတဲ့ခရမ်းချဉ်သီးယိုကို
ရပါပြီ။ လုံးဝကို ခရမ်းချဉ်သီးအစိမ်းနံလည်းမနံပါဘူး..အရသာကချိုချဉ်လေးပါနော်...ဝါသနာပါတဲ့အိမ်ရှင်မတွေလည်းခုလိုမျိုး.တခါတည်းအများကြီးမလုပ်ပဲညနည်းနည်းချင်းစီစမ်းသပ်ပြီးလုပ်ကြည့်ုကြပေါ့နော် .အပျင်းလည်းပြေ..ပညာလည်းရ.ပျော်ဖို့လည်းကောင်းပါတယ်..အားလုံးကိုကျေးဇူးတင်ပါတယ်..
လိုင်လိုင်...

ခရမ်းချဉ်သီးယို (နောက်တစ်နည်း)
=======================
�ခရမ်းချဉ်သီးတစ်ပိသာကို
အလုံးလိုက် ရေထည့်ပြုတ်ပါ။
�ခရမ်းချဉ်သီးနူးလောက်ရင် အအေးခံပါ။
လက်နဲ့ကိုင်လို့ရတဲ့အခါ
ဓါးအချွန်နဲ့ ခရမ်းချဉ်သီးလေးဖက်လေးတန်ကို
အထဲရောက်အောင် အရာပေးပြီးခွဲပါ။
�ပြီးရင် အစေ့တွေထွက်အောင်ညှစ်ထုတ်ပါ။
ခရမ်းချဉ်သီးကိုအလုံးမပျက်ပါစေနဲ့။
�သကြား ၇၅ကျပ်သားကို ရေထည့်ပြီးသကြားရည်ကြိုပါ။
ဆားနည်းနည်း ထည့်ကြိုပါ။
သကြားအရည်ပျော်ရင် အ၀တ်နဲ့အမှိုက်တွေစစ်ပစ်ပါ။
�ပြီးရင် သကြားရည်ကိုပေါက်စေးကျအောင်ပြန်ကြိုပါ။
သကြားရည်နဲ့ခရမ်းချဉ်သီး တစ်သားတည်းဖြစ်ရင်
ဖိုပေါ်ကချပြီး အအေးခံပါ။
�ခရမ်းချဉ်သီးကို အလုံးလိုက်ယိုမထိုးဘဲ
ပြုတ်ပြီးသားကို စကာနဲ့အနှစ်တိုက်ပြီး
ယိုထိုးလို့လည်းရပါတယ်။

Credit to original post