တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်
တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်
တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်လေးပါ။ ကြက်သားကို တာရီယာကီဆော့နဲ့ ၁နာရီလောက်နုပ်ပြီမှ ကင်ထားတာမို့ အသားကလည်း နူညံ့ပါတယ်။ ဖရဲသားကို ချိုချဉ်လေး သုပ်ထားတာမို့ တမူထူးခြားပြီ ကြက်သားကင်နဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။
တာရီယာကီ ကြက်သားကင်တွင် ပါဝင်ပစ္စည်းများ
- ကြက်ပေါင်၊ တောင်ပံ၊ ဆီဘူး – ၄၀၀ ဂရမ်
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူ – ၂မွှာ (ခပ်ညက်ညက်ထောင်းပါ)
- ဆန်ဝိုင် – ခွက် တ၀က် (၁၀၀မီလီလီတာ)
ဖရဲသီးသုပ်တွင် ပါဝင်ပစ္စည်းများ
- ဖရဲသီး – ၂ခွက် (အစေ့ထုတ်ပြီ အနေတော် အတုံးများ တုံးထားပါ)
- ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)
- သံပရာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
- ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း တ၀က် (ပါးပါးလှီးပါ)
ချက်နည်း
၁။ ခွက်တစ်ခုထဲတွင် တာရီယာကီဆော့အတွက် (ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ကြက်သွန်ဖြူ)တို့ကို သမအောင် ရောမွှေပါ။
၂။ ပြီလျှင် (ကြက်ပေါင်၊ တောင်ပံ၊ ဆီဘူး) တို့ကို တာရီယာကီဆော့ဖြင့် ရောနုယ်ပြီ ၁နာရီခန့် နုပ်ထားပေးပါ။
၃။ နုပ်ထားစဉ် ဖရဲသီးသုပ်ကို ပြုလုပ်မည်။ ဇောက်ခွက်တစ်ခုထဲ (ဖရဲသီး၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ကြက်သွန်မြိတ်) တို့ကို သမအောင် ရောမွှေထားပါ။
၎။ ပြီလျှင် ဒယ်ထဲ တာရီယာကီဆော့တ၀က်ကို ထည့်ပြီ မီးနည်းနည်းဖြင့် ကြက်သားများကို နီညှိရောင်သန်းသည်အထိ Pan-Grill ကင်ပေးပါ။
၅။ တာရီယာကီကြက်သားကင် နှင့် ဖရဲသီးသုပ်ကို တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…