ဆီထမင်း (ထမင်းပေါင်းအိုးနဲ့ ချက်တဲ့နည်း)
ဆီထမင်းတော့ လူတိုင်း လုပ်တတ်ကြမှာပါ။ လွယ်လွယ်လေးမို့ ။ အဲလောက်လွယ်တာတောင် ဒယ်အိုးပေါ်မှာလုပ်ရင် မာတာတို့ ပျော့တာတို့ ဖြစ်မှာစိုးလို့ ထမင်းပေါင်းအိုးနဲ့ လုပ်တော့ မာမှာ ပျော့မှာ မကြောက်ရပဲ လွယ်တဲ့ နည်းပါ။ ဒီနည်းကို တချို့ လဲ သိပြီးသားဖြစ်မှာပါ။ ပဲပြုတ်ကိုတော့ ချက်စားတာ ကြိုက်တော့ ပဲပြုတ်ချက်လေးနဲ့ ပေါ့နော်။ လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းဆန် - ၂ ခွက် (ထမင်းပေါင်းအိုးမှာပါသောဆ
၂။ ဆား - လက်ဖက်၇ည်ဇွန်း တ ၀က်
၃။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း (ပဲပြုတ်ချက်ရန်အတွက်ကော)
၎။ ကြက်သွန်နီ - ၃ လုံး (သို့ ) ၄ လုံး (ပါးပါးလှီးထားပါ။)
၅။ ဆနွင်း - လက်ဖက်ရည်ဇွန်း တ ၀က်
၆။ ပဲပြုတ် - လက်တဆုပ်စာ
(ထမင်းစားဇွန်း = 1 tablespoon = 15ml)
(လက်ဖက်ရည်ဇွန်း =1 teaspoon = 5ml)
ပြုလုပ်နည်း
၁။ ကောက်ညှင်းဆန်ကို မနက်ဖြန်ချက်မယ်ဆိုလျှင် ညကတည်းက ဆန်ကိုရေဆေးပြီး ထမင်းအိုးထဲမှာ ရေအမှတ် ၂ မှာ စိမ်ပြီး ထားပါ။
၂။ ဆီကို အပူပေးပြီး ပါးပါးလှီးထားသော ကြက်သွန်နီကို ရွှေဝါေ၇ာင်သန်းလာသည်အထိကြေ
၃။ ကြက်သွန်နီ ကြော်ထားသော ဆီထဲကို ဆနွင်းထည့်ပြီး မွှေပါ။ ခနမွှေပြီးလျှင် မီးဖိုပေါ်မှချပါ။
၎။ ဆနွင်းဆီသတ်ထားသော ဆီမှ ထမင်းစားဇွန်း၃ ဇွန်းကိုယူရ်ျ ကောက်ညှင်းတညရေစိမ်ထားသော ထမင်းအိုးထဲကို ထည့်ပါ။ ဆားနှင့် ကြော်ထားသော ကြက်သွန်နီ ၃ ပုံတပုံ ကိုပါ ထမင်းအိုးထဲထည့်ပါ။ နှံ့ အောင်မွှေပါ။ ပြီးလျှင် ထမင်းချက်သလိုချက်ပါ။ (တညေ၇စိမ်ထားသော ရေများကို သွန်စရာမလိုပါ။)
၅။ ကျန်သော ဆီကို ပဲပြုတ်ထည့်ပြီးကြော်ပါ။ ဆားနှင့် သကြား အနည်းငယ်ထည့်ပါ။ (ပဲကိုအိအိလေးလိုချင်ရင်ေ
၆။ ဆီထမင်း ကျက်လျှင် ထမင်းပေါင်းအိုးထဲမှာ ၁၅ မိနစ်ခန့် နှပ်ထားပါ။ ပြီးလျှင် ထမင်းပေါင်းအိုးကို ယူရ်ျ မီးဖိုပေါ်တွင် မီးပြင်းပြင်းဖြင့် ၃ မိနစ်ခန့် ထားပါ။ (ဆီထမင်းဂျိုးများရအောင်လို
၇။ အနံ့ မွှေးမွှေးဆီထမင်းကို ပဲပြုတ်ချက်၊ ငါးခြောက်၊ အာပြဲခြောက် တို့ ဖြင့် သုံးဆောင်နိုင်ပါပြီ။ (တချို့ ကတော့ အုံးသီးဖတ်နဲ့ လဲသုံးဆောင်ကြပါတယ်။)
