ကင်းမွန်သရက်သီး ထောင်းနည်း
ကင်းမွန်သရက်သီး ထောင်းနည်း
==================
==================
ကင်းမွန်....၃၀သား(ဆေးကြောသန့်စင်ထားပါ။)
သရက်သီးစိမ်း..၁လုံး(ချဉ်ရမည်)
ငရုပ်သီး စိမ်း...၁၀တောင့်
ကြက်သွန်ဖြူ အမွှာကြီး.၅မွှာ
မြေပဲလှော်....၅ကျပ်သား
ခရမ်းချဉ်သီး...၂လုံး(ခပ်ပါးပါးလှီးထားပါ။)
ပဲသီးရှည်...၅တောင့်ခန့်(လက်တဆစ်ခန့်ဖြတ်ထားပါ။
ငံပြာရည်.. ထမင်းစားဇွန်း.. ၃ဇွန်း
ယိုးဒယား ထန်းလျှက်ပျော့..ထမင်းစားဇွန်း..၁ဇွန်း
ယိုးဒယား.. ငါးပိရည်...ထမင်းစားဇွန်း...၂ဇွန်း
နံနံပင်...၃ပင်..(လက်တဆစ်ခန့်ဖြတ်ထားပါ။)

ပြုလုပ်ပုံ အဆင့်ဆင့်
**************
**************
ပထမဦးစွာ ကင်မွန်ကိုဆေးကြောသန့်စင်ပြီး ရေနွေးဖျောထားပါ။
ထောင်းမည့် ငရုပ်ဆုံထဲ ကြက်က်သွန်ဖြူနဲ့ ငရုပ်သီးစိမ်း.မညှက်တညှက်ထောင်းပါ။
အရသာအဖြစ် ထန်းလျှက်ပျော့.ယိုးဒယား ငါးပိရည်...ငံပြာရည် တို့ထည့်၍သမအောင်မွှေပေးပါ။
ပြီးပါက ခရမ်းချဉ်သီး ကင်းမွန်..သရက်သီးထည်မွှေပေးပါ မြေပဲ နှငွ နံနံပင် ထည့်ပြီးရင်တော့ အရသာရှိသော
ကင်းမွန်သရက်ထောင်းလေး ရပါပြီးရှင်။
ဟင်းချက်ဝါသနာရှင်များ မည်သူမဆို Shareလို့ရပါတယ်ရှင်။

Credit :Thida Lay Lay
.
.