ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ

ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ

Pork_Noodle_Soup8
ဆောင်းရာသီ ခေါက်ဆွဲ နှင့် ၀က်အာပူလျှာပူလေးပါ။ ၀က်ရိုးကို ပြုတ်ပြီ ခေါက်ဆွဲ၊ ပဲပင်ပေါက် တို့နဲ့ ပူပူစပ်စပ်လေး သုံးဆောင်ရမှာပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ဝက်ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ
  • ၀က်ရိုး – ၄ခု
  • နတ်နတ်ပွင့် – ၂ခု
  • သစ်ဂျပိုး – ၁ခု
  • ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
Pork_Noodle_Soup2
ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ
  • ဆန်ခေါက်ဆွဲ – ၃၀၀ ဂရမ်
  • ၀က်အူ – ၁၅၀ ဂရမ် (ကျက်အောင် ပြုတ်ပြီ ပါးပါးလှီးပါ)
  • ၀က်သားလုံး – ၁၀လုံး (ကျက်အောင်ပြုတ်ပြီ ပါးပါးလှီးပါ)
  • ၀က်အသဲ – ၁၀၀ ဂရမ် (ကျက်အောင် ပြုတ်ပြီ ပါးပါးလှီးပါ)
  • ၀က်လျှာ – ၅၀ ဂရမ် (ကျက်အောင်ပြုတ်ပြီ ပါးပါးလှီးပါ)
  • ပဲပင်ပေါက် – လက်တဆုတ်စာ (ရေနွေးဖျော်ပေးထားပါ)
  • တရုတ်နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
  • မုန့်ညှင်းစိမ်း – ၁စည်း
  • ငရုတ်သီးစိမ်း – ၆တောင့် (ညက်အောင် ထောင်းထားပါ)
Pork_Noodle_Soup5
ဝက်ရိုး ပြုတ်နည်း
၁။ ၀က်ရိုးကို အရင်ဆုံး ဒယ်အိုးထဲ ရေများများထည့်ပြီ ၅မိနစ်ခန့် ပြုတ်ပြီ ပြန်ဆယ်ထားပေးပါ။
၂။ ပြီမှ Pressure cooker ထဲ သစ်ဂျပိုး၊ နတ်နတ်ပွင့်၊ ကြက်သွန်ဖြူ၊ ဂျင်း တို့ကို ၁မိနစ်ခန့် ရောမွှေပါ။
Pork_Noodle_Soup3
၃။ ပြီနောက် ရေ(၁လီတာခွဲ)၊ ၀က်ရိုး၊ သကြား၊ ဆား၊ ငါးငံပြာရည်၊ ပဲငံပြာရည် တို့ကို ထည့်ပြီ ၄၅မိနစ်ခန့် တည်ပေးပါ။
၎။ ၀က်ရိုးပြုတ်ရပြီဆိုလျှင် ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပေးပါ။
Pork_Noodle_Soup4
ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ
၁။ ဇောက်ခွက်ပန်းကန်ထဲ ခေါက်ဆွဲဖတ်၊ ၀က်အူ၊ ၀က်အသဲ၊ ၀က်သားလုံး၊ တရုတ်နံနံပင်၊ ပဲပင်ပေါက်၊ မုန့်ညှင်းစိမ်း တို့ကို ထည့်ပါ။
Pork_Noodle_Soup7
၂။ ပြီနောက် အပေါ်မှ ပူနေသော ၀က်ပြုတ်ရည်(ယောက်ချိုဇွန်း ၂ဇွန်း)၊ ငရုတ်သီးစိမ်း(၁တောင့် မညက်တညက်ထောင်း) တို့ကို ရောမွှေပြီ အရသာရှိစွာ ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ သုံးဆောင်နိုင်ပါပြီ…
Pork_Noodle_Soup8
——————————————————————————————————————–