ကိုရီးယားစတိုင် အာလူးကြော်
ကိုရီးယားစတိုင် အာလူးကြော်
ကိုရီးယားစတိုင် အာလူးကြော်လေးက အရသာအရမ်းကောင်းမွန်တဲ့ သက်သက်လွတ် ဟင်းလျာတစ်မျိုးပါ။ သက်သက်လွတ်စားတဲ့သူတိုင်း အာလူးဟင်းက မပါမဖြစ်မို့ အာလူးကို ချက်နေကျပုံမျိုးမဟုတ်ပဲ ကိုရီးယားစတိုင် အာလူး ချိုစပ်လေးကို တင်ဆက်လိုက်ပါတယ်။ ထမင်းနဲ့လည်း လိုက်ဖက်သလို၊ တခြား သက်သက်လွတ်ဟင်းလျာတွေနဲ့ပါ လိုက်ဖက်ပါတယ်။ ဒါကြောင့် ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- အာလူး – ၅လုံး (အခွံနွှာပြီ အတုံးသေးများတုံးပေးပါ)
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ငရုတ်သီးပွပု – ၂ခု (အစေ့ထုတ် ရေစင်အောင် ဆေးပြီ ငရုတ်ဆုံဖြင့် ညက်အောင် ထောင်းပေးပါ)
- ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း
- ပျားရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
- နှမ်း – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၂။ ပြီမှ အာလူးနှင့် ငရုတ်ထောင်းကို ရောမွှေ၍ ဒယ်ထဲ ထည့်ကာ ကြော်ပေးပါ။
၃။ ထို့နောက် အရသာအတွက် ပဲငံပြာရည်၊ ထည့်ကာ အာလူးကြွ့ပ်ရွလာသည်အထိ ကြော်ပေးပါ။
၎။ အာလူး ကြွပ်ရွလာမှ ပျားရည်ထည့်ကာ ၁မိနစ်ခန့် ထပ်ကြော်ပေးပါ။
၅။ နောက်ဆုံးမှ နံနံပင်၊ နှမ်းဖြူပြီ ရောမွှေကာ မီးပိတ်ထားပေးပါ။
၆။ အရသာရှိသော ကိုရီးယားစတိုင် အာလူး ချိုစပ်ကြော်လေးကို သုံးဆောင်နိုင်ပါပြီ…