ဝက်​နံရိုးမာလာဟင်း

ဝက်​နံရိုးမာလာဟင်း
ချက်​နည်း​လေး​ရေးလိုက်​ပါတယ်
ပထမဆုံး
ဝက်​နံရိုး​တွေကို ကြက်​သွန်​ဖြူ ဂျင်းပါးပါးလှီး
ပဲငန်​ပြာရည်​ ဆီအနည်းငယ်​ ဆား ဟင်းခတ်​မှုန့်​တို့ထည့်​ပြီး
နူးတဲ့အထိချက်​ထားပါ
မာလာအရသာအတွက်
ဒယ်​အိုးထဲဆီအနည်းငယ်​ထည့်​ပြီးအ​ငွေ့ပျံတဲ့အထိအပူ​ပေးပါ
ပြီးရင်​မီးသတ်​ထားပြီး
ဟွာ​ကျောင်း​စေ့ရယ်
ငရုတ်​သီးအပွ​တောင့်​ကိုညှပ်​ထားတာရယ်
သစ်​ဂျပိုး​ခေါက်​ရယ်
နာနတ်​ပွင့်​နဲ့ဖာလာ​စေ့ရယ်​ကိုထည့်​ပြီး
ဆီအပူဓာတ်​နဲ့ပဲ​ကြော်​ပါ
အနံ့​တွေ​မွှေးလာပြီဆိုမှ
ချက်​ထားတဲ့ဝက်​နံရိုး​တွေထည့်​ပြီး
မီးနည်းနည်းနဲ့ခဏ​ရောချက်​​ပေးပါ
ဒါဆိုရင်​​တော့
မာလာဟင်းရနံ့နဲ့ဝက်​နံရိုးဟင်းရပါပြီ
Crd khant khant gyi

Image may contain: food