သံပုရာသီးသနပ်
သံပုရာသီးတွေကို နူးအိနေအောင်ပြုတ်လိုက်ပါ။
နှစ်ခြမ်းခွဲ,ဆားနဲ့နယ် ဇကာထဲထည့်ပီး နေတစ်ရက်ပြပါ။
အငံရည်တွေကို သွန်ပစ်လိုက်ပါ။
အိုးထဲမှာ ဆီများများထည့်ပြီး မီးဖိုပေါ်မှာ ဆီဆူအောင်ထားပါ။
ဆီဆူလာရင် မီးပိတ်လိုက်ပီး မုန်ညင်းစေ့, ဇီယာစေ့, မဆလာ,
ဆနွင်း,ငြုပ်သီးအစိမ်းမှုန့်,တို့ကိုထည့်မွှေပါ။
သံပုရာသီးစိပ် နဲ့ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်မွှေပါ။
ဟင်းခပ်မှုန့် ထည့်ပါ။ ( အချဉ်ပေါ့စေဖို့ )
အားလုံးရောမွှေပီးရင် သံပုရာသီးသနပ်ရပါပြီ။
ပုလင်းနဲ့ထည့်ပြီး ရေခဲသေတ္တာထဲမှာထားပါ။
အကြာကြီးခံပါတယ်။
နံနက်ခင်း ထမင်းကြော်နဲ့ပဲစားစား,ဒံပေါက်နဲ့ပဲစားစား,
ဆိတ်သား,ကြက်သားဟင်းနဲ့ပဲစားစား,
ပဲကုလားဟင်းနဲ့ပဲစားစား အရမ်းကိုလိုက်ဖက်လှတဲ့
သံပုရာသီးသနပ်ပါ။
သံပုရာသီးကို မှိုမတက်အောင် ဆီမြုပ်အောင်ထည့်ပေးထားပါ။
ဆားထပ်မထည့်ရပါဘူး။ ဆားနယ်ပီးသားမို့ပါ။
အချိုကြိုက်သူများ သကြားထည့်ပါ။
ကျမကတော့ မထည့်ပါဘူး။
ခုက အိမ်မှာရှိတာလေး လုပ်စားရင်း တင်လိုက်တာပါ။
သံပုရာသီး မှည့်နေရင်တော့ အခါးပိုသက်သာပါတယ်။
ပုလင်းထဲထည့်,ဆားရေစိမ်,နေပူ ၃ ရက်လှမ်းပီးမှ
လေးစိပ်စိပ်,အစေ့ထုတ်ပီး သနပ်လုပ်လည်း
စားလို့ကောင်းပါတယ်။
Credit