"မလွှပွင့် ပုဇွန်ခြောက်နှပ်"


မလွှပွင့်များကို ရေဆေးသန့်စင်
ဝတ်ဆန်ထုပ် အရှည်လိုက်လေး
၃ပိုင်း ပိုင်းပြီး ရေနွေးဖျောပါ
ကြက်သွန်ဖြူ နီ ထောင်း
ဆနွင်းလေး ငြုပ်သီးအစိမ်းမှုန့်လေးထဲ့ပြီး
ဆီသတ်
ကြက်သွန်များမွှေးလာပြီ ဆိုပါက
ငပိထောင်းလေး နဲနဲ ထဲ့
ရေကျက်အေးလေး နဲနဲထဲ့
တစ်ချက် တစ်ချက်မွှေပေးပြီး တည်ထား
ရေကုန်သလောက်ရှိပြီဆိုရင်
ပုဇွန်ခြောက်မှုန့်များ ထဲ့
မွှေပေးပြီး ဆက်တည်
ပုဇွန်ခြောက်များ ဆီပြန်ပြီးမွှေးလာပြီဆိုရင်
ရေနွေးဖျောထားတဲ့ မလွှပွင့်တွေ ထဲ့
ဆားလေး နဲနဲထဲ့
ရေကျက်အေးလေး နဲနဲထပ်ထဲ့ပြီး
ဆက်တည်ထား
ရေခန်းသွားပြီးဆို ရပြီ
အမြင်တော့ မလှဘူး
ချိုစပ်ခါး အရသာလေး
နူးနူးအိအိလေးနဲ့ အနံ့မွှေးမွှေးလေး
တစ်မျိုး စားလို့တော့ ကောင်း
မောင်ဇေ
Crd Zayar Hlaing