"ကြက်သားကာလသားချက်
" ကြိုက်တဲ့သူတွေ တန်းစီ!!!
တကယ်တော့ "ကြက်သားကာလသားချက်" ဆိုတာ မြန်မာလူမျိုးတိုင်းနဲ့ ရင်းနှီးပြီးသား ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ကြက်သားကို ဟင်းရည်ခပ်ကျဲကျဲနဲ့ အရည်သောက်အနေအထားမရောက် တရောက် ချက်ရတာဖြစ်ပြီး ဘူးသီးစတာတွေနဲ့လည်း မိမိနှစ်သက်သလို ချက်စားလေ့ရှိကြပါတယ်။
ဒါပေမဲ့ "ကြက်သားကာလသားချက်" လုပ်ရာမှာ အရမ်းတွေ လိုက်အသေးစိတ်ပြီး ဆီပြန်ဟင်းချက်သလို ကျကျနန လိုက်ချက်မိတဲ့အခါမျိုးမှာ ကာလသားချက် အငွေ့အသက်ပျောက်သွားတာမျိုးတွေလည်း အားလုံး ကြုံတွေ့ဖူးကြမှာပါ။ တစ်ခါတစ်လေကျပြန်တော့လည်း ကြက်သားက တအားမာနေတာ၊ အရည်မှာက အရသာဝင်သင့်သလောက် မဝင်တာမျိုးတွေ ကြုံရတတ်ပါတယ်။
တကယ်တော့ ဒီဟင်းလေးက ချက်နည်းအရဆို အမှန်တကယ်ကို ရိုးရှင်းလွယ်ကူပြီး လူတိုင်းလိုက်ချက်စားနိုင်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ကာလသားချက် အငွေ့အသက်မပျောက်ဘဲ တကယ်ကို စားကောင်းအောင် ဘယ်လို ကြက်သားမျိုးကို ရွေးချယ်ရမယ်၊ ချက်တဲ့အခါ ဘယ်လို အချက်လေးတွေကို သတိထားပြီး ချက်သင့်တယ်ဆိုတာကို ဒီ Post မှာ ပုံနဲ့တကွ နန္ဒာသိသလောက် ပြည့်ပြည့်စုံစုံ ပြောပြပေးထားတာမို့ လူတိုင်းအတွက် အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်ရှင်။ ကဲ....ချက်နည်းလေးတွေကို တဆင့်ချင်း ကြည့်လိုက်ကြရအောင်...
















