ကြက်ပေါင်းမြူစွပ်ရှုးရှဲချဉ်ငန်စပ်
"ကြက်ပေါင်းမြူစွပ်ရှုးရှဲချဉ်ငန်စပ်"🌶 ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ>>>
၁.ကြက်ပေါင်ကြီးကြီး တခြမ်း
၂.မြူစွပ် ၂ခွေ
၃.ငရုတ်သီးစိမ်း အနဲငယ် (စပ်တာလေး),သံပုရာသီး၃လုံး,ကြက်သွန်ဖြူ ၅မွှာ
၎.ငံပြာရည်,ဗီနီဂါရည်,ဟင်းချိုမှုန့်အနဲငယ်
၅.ပဲပင်ပေါက် အနဲငယ်
၂.မြူစွပ် ၂ခွေ
၃.ငရုတ်သီးစိမ်း အနဲငယ် (စပ်တာလေး),သံပုရာသီး၃လုံး,ကြက်သွန်ဖြူ ၅မွှာ
၎.ငံပြာရည်,ဗီနီဂါရည်,ဟင်းချိုမှုန့်အနဲငယ်
၅.ပဲပင်ပေါက် အနဲငယ်
"ကြက်ပေါင်းမြူစွပ်ရှုးရှဲချဉ်ငန်စပ်"🌶 ပြုလုပ်နည်းအဆင့်ဆင့် >>>>
၁.ကြက်ပေါင်ကြီးကြီးတခြမ်းကို အရိုးထုတ်,အရေခွံခွာပီး(ဆိုင်မှာလုပ်ခိုင်းလို့ရပါတယ်) ရေပြောင်အောင်ဆေး , ဟင်းချိုမှုန့် နဲ့ ပဲငံပြာရည်အကျဲအနဲငယ်ထည့်ကာ သမအောင်နှယ်ပီး ရေကို(၂ရည်)ထည့်ပီး နူးအိနေအောင်ပြုတ်ထားပေးပါ
၂.ငရုတ်သီးစိမ်းတွေကိုအရင်ကိုက်ထားပါ ပီးရင် မကျေမညက်လေးထောင်းထားပေးပါ ကြက်သွန်ဖြူ ၅မွှာထဲက ၃မွှာကို မကျေမညက်လေးထောင်းထားပါ (၂မွှာကိုတော့ ပါးပါးလေးတွေ လှီးထားပါ)
၃.သံပုရာသီး ၁လုံးကို အကွင်းကွင်း ပါးပါးလေးတွေလှီးထားပါ, ပဲပင်ပေါက်တွေကို ရေနွေးပွက်ပွက်ဆူထဲမှာပြုတ်ထားပေးပါ
၎.အကုန်လုံးပြင်ဆင်ထားပုံလေး
ငရုတ်သီးအချဉ်ရည်စပီးဖျော်ပါ့မယ်
၅.ထောင်းထားတဲ့ ငရုတ်သီးတွေထည့်ပါ ဗီနီဂါရည်နဲ့ငံပြာရည်ဟင်းခတ်ဇွန်း(၁ဇွန်းဆီ)ထည့်ပါ ဟင်းချိုမှုန့်လိုသလောက်ထည့်ပါသံပုရာသီး ၂လုံးကို အရည်ညှစ်ထည့်ပါ
၅.ထောင်းထားတဲ့ ငရုတ်သီးတွေထည့်ပါ ဗီနီဂါရည်နဲ့ငံပြာရည်ဟင်းခတ်ဇွန်း(၁ဇွန်းဆီ)ထည့်ပါ ဟင်းချိုမှုန့်လိုသလောက်ထည့်ပါသံပုရာသီး ၂လုံးကို အရည်ညှစ်ထည့်ပါ
၆.နောက်တော့ ကြက်သွန်ဖြူထောင်းထားတာတွေထည့်ပါ ရေနွေးဟင်းခတ်ဇွန်း၁ဇွန်းထည့်ပါ ပီးရင်ခုနက ပြုတ်ထားတဲ့ ပဲပင်ပေါက်တွေထည့်ပီး သမအောင်မွှေထားပါ
၇.ငရုတ်သီးအချဉ်ရည်ရပါပီ
၈.မြူစွပ် ၂ခွေကို ပြုတ်ထားပါ (၂မိနစ်ခန့်)
အကြာကြီးမပြုတ်ရပါ ပျော့စိသွားတတ်သည်
အကြာကြီးမပြုတ်ရပါ ပျော့စိသွားတတ်သည်
၉.ကြက်သားပြုတ်ထားတဲ့ ဘေးမှာ မြူစွပ်တွေကို ထည့်ပါ
၁၀.ပီးရင် ခုနကဖျော်ထားတဲ့အချဉ်ရည်တွေကို လောင်းထည့်ပါ (တနေရာထဲကိုမထည့်ဘဲ ဇွန်းလေးနဲ့ နေရာအနှံ့ သေချာလေးထည့်ပေးပါ)
၁၁.နောက်တော့ ခုနကလှီးထားတဲ့ ကြက်သွန်ဖြူ နဲ့ သံပုရာသီးပါးပါးလေးတွေ ကို အပေါ်ကနေတ
င်ပါ
င်ပါ
၁၂.ကဲ........အရသာရှိလှတဲ့ "ကြက်ပေါင်းမြူစွပ်ရှုးရှဲချဉ်ငန်စပ်"🌶 လေးကို နှယ်ပီးစားသုံးလို့ရပါပီ😋😋😋 အရသာကတော့ ဘယ်လိုကောင်းမှန်းကိုမသိတာ နေမကောင်းရင်စားရတဲ့ မြူစွပ်အရသာဟာအခုဆိုရင် အရမ်းကိုကောင်းတဲ့ ချဉ်ငန်စပ်ခေါက်ဆဲအိအိလေးအဖစ်ပြောင်းသွားပီး ကောင်းမှကောင်းဘဲ😋😋😋
Credit : Zun Pwint Htin












