အခြေခံ ပီဇာဒိုးဖုတ်နည်း နှင့် ပီဇာ ဆော့ချက်နည်း
အခြေခံ ပီဇာဒိုးဖုတ်နည်း နှင့် ပီဇာ ဆော့ချက်နည်း
အခြေခံ ပီဇာ ဒိုးလုပ်နည်း နှင့် ပီဇာဆော့ချက်နည်းတွေကို ဝေမျှလိုက်ပါ။ ပီဇာအပေါ်မှ မိမိကြိုက်နှစ်သက်သလို၊ ဟမ် + နာနတ်သီး၊ ကြက်အူချောင်း+ငရုတ်သီးပွ၊ ၀က်အူချောင်း+မှို+သံလွင်သီး နှင့် ဟင်းရွက်စုံကို တင်ပြီ စိတ်ကြိုက် လုပ်စားနိုင်ပါတယ်…
ပီဇာ ဒိုးအတွက် ပါဝင်သောပစ္စည်းများ
- ဂျုံ – ၂ခွက်ခွဲ
- ရေ – တစ်ခွက်
- Dry Yeast – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဓမ္မစေတီလမ်း Market Place City Mart ဆိုင်များတွင် ၀ယ်ယူနိုင်သည်)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ပီဇာ ဒိုးလုပ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် (ရေ၊ yeast၊ ဆား၊ သကြား) တို့ကို သမအောင် ရောမွှေပြီ ပလတ်စတစ်ဖြင့် ၁၀မိနစ်ခန့် အမြုပ်ထွက်သည်အထိ ထားထားပေးပါ။
၂။ ပြီမှ ဇလုံတစ်ခုထဲ ဂျုံ(၂ခွက်ခွဲ) ထည့်ပြီ ထိုအရည်များ အလယ်မှ လောင်းထည့်ပြီ သမအောင် ရောမွှေပေးပါ။
၃။ ဂျုံဒိုးပျော့သွားလျှင် ဂျုံထပ်ထည့်ပြီ ဆီ(စားပွဲတင်ဇွန်း တ၀က်) ထည့်၍ သမအောင် နုယ်ပေးပါ။
၎။ ၁၀မိနစ်ခန့် ထားပြီးမှ ဆီ(စားပွဲတင်ဇွန်း တ၀က်) ထည့်ကာ သမအောင် ထပ်နုယ်ပေးပါ။
မှတ်ချက် ။ ။ ဒိုးသား နူညံ့အောင် ခပ်နာနာလေး နုယ်ပေးပါ။
၃။ နုယ်ထားသော ဂျုံကို အနည်းဆုံး ၃နာရီ ပလတ်စတစ်ဖြင့် အုပ်ပြီ ထားပေးပါက ၃ဆခန့် ဖောင်းလာပါလိမ့်မည်။
၎။ ထို့နောက် ဂျုံဒိုးံမလိမ့်ခင် ဒိုးသားကို ပြန်နုယ်ပြီ အလုံးလုံးလိုက်ပါ။
၅။ ပြီမှ ထလိမ့်တုံးနှင့် အ၀ိုင်းပြား ၁၁- ၁၂ လက်မလောက် ရောက်အောင် လိပ်ပေးပါ။
၅။ ပြီးနောက် ဂျုံဒိုးဘေးပတ်ပတ်လည်ကို အတွန့်လေးများ ပုံဖော်ပေးပါ။
၆။ ပြီးလျှင် ဂျုံကို ပုံတွင်ပါသည့်အတိုင်း ခရင်းဖြစ် အပေါက်လေးများဖောက်ပေးပါ။
ပီဇာဒိုး ဖုတ်နည်း
၁။ အရင် Oven ကို preheat လုပ်ထားပေးပါ။
၁။ ဂျုံဒိုးကို Oven ထဲထည့်ကာ အပူချိန် ၂၀၀ဒီဂရီ ဖြင့် မိနစ် ၂၀ခန့်ဖုတ်ပေးပါ။
အောက်ခံ ပီဇာဆော့လုပ်နည်း
၁။ ခရမ်းချဉ်သီး ၃လုံးကို ရေနွေးဆူဆူထဲ ပြဲအောင် ထည့်ြ့ပူတ်ပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီး skin(အခွံ)ကို ခွာပေးပြီး နှုတ်နှုတ်ဆင်းပါ။
၂။ ဒယ်ထဲ ဆီထည့် ကြက်သွန်ဖြူ (နှုတ်နှုတ်ဆင်း) sautee ထိုးပါ။
၃။ ထို့နောက် နှုတ်နှုတ်ဆင်းထားသော ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ် (tomato paste)(စားပွဲတင်ဇွန်း ၂ဇွန်း) ၊ ဂျုံ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်မွှေပေးပါ။
၎။ ခရမ်းချဉ်သီးများ နူးအောင် မြုပ်ရုံ ရေ၁ခွက်ခန့်ထည့်ပေးပါ။
၅။ ပြီးမှ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ငရုတ်ကောင်းမှုန့်၊ oregano ထည့်မွှေပေးပါ။
၆။ အနှစ် မပျစ်မကျဲ အနေထားတွင် ချပေးပါ။