ကန်စွန်းဥ ဆနွင်းမကင်း
ကန်စွန်းဥ ကိုကြိုက်လွန်းလို့ ဆနွင်းမကင်းကို နည်းမျိုးစုံစမ်းကြည့်ထားပ
ပါဝင်သောပစ္စည်းများ (7" X 11" ဘန်း တခုစာအတွက်)
၁။ ကန်စွန်းဥ(ခရမ်းေ၇ာင် (သို့ ) အ၀ါ) - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ရွှေကြည် (semolina) - ထမင်းစားဇွန်း ၄ ဇွန်း
၃။ ဂျုံ (all-purpose flour) - ထမင်းစားဇွန်း ၈ ဇွန်း
၎။ နို့ မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း
၆။ အုံးနို့ - ဗူး တဝက် (200 ml)
၇။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း (ခဲနေတာကိုအသုံးပြုလျှင်ပ
၈။ အုံးသီးခြစ်ဖတ် - ထမင်းစားဇွန်း ၈ ဇွန်း
၉။ စပျစ်သီးခြောက် - ထမင်းစားဇွန်း ၄ ဇွန်း
၁၀။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
(ထမင်းစားဇွန်း= 1 tablespoon = 15ml)
ပြုလုပ်နည်း
၁။ ပြုလုပ်မည့် ဘန်းကို ထောပတ်သုပ်ထားပါ။ ကန်စွန်းဥကို ရေနည်းနည်းနဲ့ေ၇ခမ်းပြုတ်ပါ။ (သို့ ) ပေါင်းပါ။ (အိစံကတော့ ကန်စွန်းဥကို ပေါင်းလိုက်ပါတယ်။ အချိုရည်တွေထွက်သွားမှာစို
၂။ ပေါင်းထား(သို့ ) ပြုတ်ထားသော ကန်စွန်းဥများကို အအေးခံရ်ျ ဇကာတိုက်ပါ။ (သို့ ) လက်ဖြင့်ခြေပါ။
၃။ ဖျော်ရည်ဖျော်စက် (blender) ထဲကို ခဲနေသော ထောပတ်၊ အုံးသီးခြစ်ဖတ်၊ အုံးနို့ ၊ နို့ မှုန့် ၊ ဆားတို့ ကိုထည့်ရ်ျ အုံးသီးဖတ်များ ကြေသွားသည်အထိ လုပ်ပါ။ (blender မရှိလျှင် ထောပတ်ကိုအ၇ည်ဖျော်ပြီးထည့
၎။ ဇလုံတခုထဲတွင် ခြေထားသော ကန်စွန်းဥ၊ ခြေထားသော အုံးသီးခြစ်ဖတ်၊ ထောပတ်၊ နို့ မှုန့် ၊ အုံးနို့ ၊ ရွှေကြည်၊ သကြား၊ ဂျုံ၊ စပျစ်သီးခြောက်တို့ ကို ထည့်ရ်ျ သကြားများ အ၇ည်ပျော်သည်အထိ သမအောင်လုပ်ပါ။
၅။ ပြုလုပ်မည့် ဘန်းထဲကို ထည့်ရ်ျ မျက်နှာပြင် ညီအောင်ညှိပါ။ ပြီးလျှင် အပေါ်မှ ဘိန်းစေ့များဖြူးပါ။
၆။ အပူချိန် 350'F (180'C) တွင် အပူပေးထားသော oven ထဲတွင် ၁ နာ၇ီထည့်ရ်ျ ဖုတ်ပါ။ (oven ကို မုန့် မဖုတ်ခင် ၁၅ မိနစ်လောက် အပူပေးထားပါ။)
၇။ ကန်စွန်းဥှ ဆနွင်းမကင်းကို အအေးခံ၇်ျ အေးလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးရ်ျ သုံးဆောင်နိုင်ပါပြီ။
