သံပုရာစိုက်ပျိုး⁠ရေး နည်းစနစ်







သံပုရာစိုက်ပျိုး⁠ရေး နည်းစနစ်

သံပုရာသည် ⁠နှစ်ရှည်သီးပင်⁠ဖြစ်၍ စိုက်ပျိုးသူ၏ ရည်ရွယ်ချက်၊ လိုအပ်ချက်မှာ စိုက်ခင်းတွင်ရာခိုင်⁠နှုန်းများများသီးရန်၊ တစ်ပင်ချင်းအလိုက် အသီးများများတင်ရန်၊ တင်⁠သောအသီးနှံများအ⁠ရောင်အဆင်း၊ အနံ့အရသာ၊ အရွယ်အစား⁠ကောင်း⁠စေရန် အဓိက⁠ဖြစ်ပါသည်။

သို့⁠ဖြစ်၍ သိပ္ပံနည်းကျစနစ် (၄)မျိုး⁠ဖြစ်⁠သော (၁)မျိုး⁠ကောင်း၊ မျိုးသန့်⁠ရွေးချယ်စိုက်ပျိုးရန် (၂)စိုက်ပျိုး⁠ရေးစနစ်မှန်ကန်စွာ စိုက်ပျိုးရန် (၃) ⁠ေ⁠မြ⁠သြဇာစနစ်တကျသုံးစွဲရန်⁠နှင့် (၄) ပိုးမွှား⁠ရောဂါစနစ်တကျကာကွယ်ရန် လိုအပ်ပါသည်။

၁။ မျိုး⁠ကောင်းမျိုးသန့် ။ ⁠မြန်မာ⁠နိုင်ငံတွင် သံပုရာမျိုး⁠ပေါင်းများစွာရှိရာ ကိုယ်⁠ဒေသ⁠ရေ⁠ေ⁠မြရာသီဥတုနှင့်ကိုက်ညီသည့်မျိုးကို⁠ရွေးချယ် စိုက်ပျိုးရန်⁠ဖြစ်ပါသည်။

သံပုရာမျိုးများ-

၁။ ⁠မြန်မာ့သံပုရာ (၃) မျိုး

၂။ ⁠ဟော်လန်သံပုရာ (၂)မျိုး

၃။ မ⁠လေးရှားသံပုရာ (၂)မျိုး

၄။ အီတလီသံပုရာ (၁)မျိုး

` ၅။ အ⁠မေရိကန်သံပုရာ (၁)မျိုး

၆။ အင်ဒိုနီးရှားသံပုရှာ (၁)မျိုး ရှိပါသည်။

(၁) ⁠မြန်မာ့သံပုရာမျိုးများသည် ⁠ရေ⁠ေ⁠မြရာသီဥတုအ⁠ပေါ်မူတည်⁠ပြီး ⁠ဖြစ်ထွန်း⁠အောင်⁠မြင်သီးပွင့်ပါသည်။ အထူးသ⁠ဖြင့် ⁠တော၊ ⁠တောင်၊ စိမ့် စမ်းရှိ⁠သော ⁠ဒေသကို နှစ်သက်သည်။

(၂) ⁠ဟော်လန်မျိုးမှာမူ ⁠မြန်မာသံပုရာ⁠နှင့် ⁠နှိုင်းယှဉ်လျှင် ⁠မြန်မာ⁠ပြည်အ⁠နှံ့ စိုက်ပျိုး⁠နိုင်သည်။

(၃) အီတလီမျိုးမှာ ⁠နေရာအ⁠နှံ့ စိုက်ပျိုး⁠ဖြစ်ထွန်း⁠သော်လည်း အထူးသ⁠ဖြင့် မိုးများ⁠သော⁠ဒေသကို ⁠ကြိုက်နှစ်သက်သည်။ သီးအားနည်း၍ စီးပွား⁠ဖြစ် (ရည်ရွယ်ချက်) ကိုက်ညီမှုမရှိပါ။

(၄) အ⁠မေရိကန်မျိုးမှာလည်း ရာသီဥတု⁠ပေါ်မူတည်၍ ⁠ဖြစ်ထွန်းမှု⁠ဖြစ်⁠ပြီး သီးအားလည်းနည်းပါးသည်။

(၅) မ⁠လေးရှာမျိုးမှာ ⁠နေရာမ⁠ရွေးစိုက်ပျိုး⁠နိုင်⁠သော်လည်း မိုးများ⁠သော⁠ဒေသကို ⁠နှစ်သက်⁠ပြီးသီးအားလည်းနည်းပါးသည်။

(၆) အင်ဒိုနီးရှားမျိုးမှာ ⁠နောက်ဆုံး⁠ရွေးချယ်ရရှိသည့်မျိုး⁠ဖြစ်⁠ပြီး အထက်ပါသံပုရာမျိုးထက် သီးအား⁠ကောင်း⁠ခြင်း၊ ⁠ရေ⁠ေ⁠မြရာသီဥ တု⁠ရွေးစိုက်ပျိုး⁠နိုင်⁠ခြင်း၊ အသီးအထားခံ⁠ခြင်း၊ အ⁠စေ့မရှိ⁠ခြင်း၊ အရည်များ⁠ခြင်း၊ ⁠မြန်မာ⁠ပြည်အ⁠နှံ့အ⁠ပြား စိုက်ပျိုး⁠ဖြစ်ထွန်း⁠အောင်⁠မြင်သည်ကို သိရှိရ၍ အ⁠ခြားမျိုးထက် မျိုး⁠ကောင်း၊ မျိုး⁠စေ့⁠ဖြစ်ပါသည်။

၂။ စနစ်တကျစိုက်ပျိုး⁠ရေး ။ သံပုရာ တစ်ပင်⁠နှင့် တစ်ပင် တစ်တန်း⁠နှင့် တစ်တန်း (၁၂)⁠ပေပတ်လည်⁠သော်လည်း⁠ကောင်း၊ (၁၅)⁠ပေတန်း⁠နှင့် တစ်ပင်⁠နှင့်တစ်ပင် (၁၀)⁠ပေ⁠ခြား⁠သော်လည်း⁠ကောင်း ပ⁠န္နရိုက်စိုက်ပျိုး⁠နိုင်သည်။ စိုက်ကျင်းကို (၂×၂×၂) ၂⁠ပေပတ်လည် တူး⁠ပြီး၊ အ⁠ပေါ်ယံ⁠ေ⁠မြ (၁/၃)ပုံ၊ ⁠ေ⁠မြမ⁠ပြည့်⁠သေးပါက ၎င်းကျင်းပတ်လည်မှ အ⁠ပေါ်ယံ⁠ေ⁠မြ (Top Soil) ကိုလွှာယူ⁠ပြီး ⁠ပြည့်သည်အထိ ထည့်⁠မွှေပါ။ (⁠ေ⁠မြ⁠ဆွေးများမထည့်မီ စိုက်ကျင်းကို မီးသင်း⁠ပေးပါက ပိုးမွှား⁠ရောဂါသက်သာ⁠ပြီးအပင်ပိုမို⁠ဖြစ်ထါန်း⁠စေပါသည်။ )

သမ⁠ပြီး⁠သောစိုက်ကျင်းတွင် မစိုက်မီ⁠ရေ⁠လောင်း⁠ပြီး တစ်ပတ်ခန့်⁠ေ⁠မြ⁠နှိပ်ထားရန်လိုပါသည်။ (ကျင်းတွင်လည်း ဓာတ်⁠ေ⁠မြ⁠သြဇာ N.P.K အချိုးတူ⁠ရောစပ်⁠ပြီး တစ်ကျင်းလျှင် နို့ဆီ (သို့မဟုတ်) ⁠ပေါင် (၁/၁)ထည့်⁠ပေးပါက အပင်အထ⁠မြန်⁠နိုင်သည်။ )
အပင်ကိုစိုက်ကျင်းတွင်စိုက်ပျိုး⁠သောအခါ မိုးဒဏ်၊ ⁠လေဒဏ်၊ တိရစ္ဆာန်ဒဏ် မှ ကာကွယ်ရန် တိုက်ငုတ်တစ်ခုစိုက်၍ အပင်မလှုပ်ရန် ချည်⁠ေ⁠နှာင်ထားရန်လိုပါသည်။ စိုက်ပျိုးထား⁠သော သံပုရာပင်များကိုလည်း (၂)လခန့် အနည်းဆုံး ⁠ပေါင်းရှင်း⁠ခြင်း ကို⁠ရှောင်ပါ။
စိုက်ပင်များရွက်⁠နုထွက်လာ⁠သောအခါ ပိုးမွှား⁠ရောဂါကျတတ်၍ ⁠ကြိုတင်⁠ပြီး တစ်လတစ်⁠ကြိမ် (သို့) ⁠နှစ်⁠ကြိမ်⁠ဆေးဖျန်း⁠ပေးရန်လိုပါ သည်။
စိုက်ပျိုး⁠ပြီး (၆)လခန့်⁠ကြာ⁠သောအခါ ဒုတိယအ⁠ကြိမ်အစာ⁠ကျွေး⁠ခြင်း၊ ⁠ေ⁠မြဆွ⁠ခြင်းများ ⁠ပြုလုပ်ရပါသည်။ (⁠မြန်မာ⁠နိုင်ငံအ⁠နေ⁠ဖြင့် သင့်⁠တော်⁠သော စိုက်ချိန်မှာ ဇွန်လ⁠နှင့် ဇူလိုင်လ⁠ဖြစ်⁠သော်လည်း ⁠ရေ⁠ပေး⁠နိုင်ပါက တစ်⁠နှစ်ပတ်လည်စိုက်⁠နိုင်ပါသည်။ )
တစ်ဧကလျှင် အပင် (၃၀၀)စိုက်ပျိုး⁠နိုင်သည့်အတွက် လိုအပ်⁠သောပျိုးပင်များ၊ လိုအပ်⁠သော⁠ေ⁠မြ⁠သြဇာများကို မစိုက်ပျိုးမည် ⁠ကြိုတင် စု⁠ဆောင်းရန် လိုအပ်ပါသည်။
၃။ ⁠ေ⁠မြ⁠သြဇာစနစ်တကျ⁠ကျွေး⁠ခြင်း

သံပုရာစိုက်ပျိုးရာတွင် ⁠ေ⁠မြ⁠သြဇာကို စနစ်တကျ ထည့်⁠ကျွေးရန်အ⁠ရေး⁠ကြီးပါသည်။ သံပုရာစိုက်ရာတွင် (၂×၂×၂)⁠ပေကျင်းတစ်ကျင်းတွင် ⁠နွား⁠ချေး (သို့မဟုတ်) ⁠ကြက်⁠ချေး(၁)တင်း ⁠နှင့် အ⁠ပေါ်ယံ⁠ေ⁠မြရာ⁠ပြီး သမ⁠အောင်⁠မွှေ⁠ပြီးစိုက်ရန်⁠နှင့် ⁠နောက်(၆)လခန့် ⁠ကြာ⁠သောအခါ ဒုတိယအ⁠ကြိမ် ⁠နွား⁠ချေး(၁)တင်းမှ (၂)တင်း ထည့်ပါ။ ⁠နောက် ⁠ေ⁠မြ⁠သြဇာ N.P.K (1:2:1)အချိုး (၁/၂)⁠နို့ဆီ(⁠ပေါင်) ⁠ရောထည့်⁠ကျွေး⁠ပြီးါ် ⁠ရေကို စနစ်တကျ⁠လောင်း⁠ပေးရန်လိုပါသည်။

⁠ေ⁠မြ⁠သြဇာကို အပင်၏ ⁠ကြီးထွားမှုအ⁠ပေါ်မူတည်၍ အနည်းအများ⁠ကျွေးရန်လိုအပ်ပါသည်။ (တန်လျှင်⁠ဆေး၊ လွန်လျှင် ⁠ဘေး⁠ေ⁠ကြာင့် ဓာတ်⁠ေ⁠မြ⁠သြဇာကို စနစ်တကျထည့်ရန်လိုပါသည်။ )

၄။ ပိုးမွှား⁠ရောဂါစနစ်တကျကာကွယ်⁠ရေး

သံပုရာစိုက်ပျိုး⁠ရေးတွင် မစိုက်ပျိုးမီ စိုက်ကျင်းများကို မီးရှီု့⁠ပေး⁠ခြင်း၊ စိုက်ကျင်းတွင် ⁠ေ⁠မြ⁠အောင်းပိုးများမရှိ⁠အောင် ⁠အော်ဒရင်း⁠ဆေးမုန့် ထည့်⁠ပေး⁠ခြင်း⁠ပြုလုပ်ရန်လိုအပ်ပါသည်။

သံပုရာပင်များကိုရွက်⁠ဆေးပိုး၊ ပင်စည်ထိုးပိုးများ ကျတတ်၍ ကာကွယ်ရန်ပိုးသတ်⁠ဆေးများ⁠ဆောင်ထားရန်လိုအပ်ပါသည်။

သာမန်ရွက်စားပိုးများကိုမူ Malathion: Sumrthion Sumicidim, Decis ပိုးသတ်⁠ဆေး⁠နှင့် ကာကွယ်⁠နိုင်ပါသည်။

⁠ရောဂါအ⁠နေ⁠ဖြင့် ထူးထူး⁠ခြား⁠ခြားမ⁠တွေ့ရပါ။ အချို့⁠နေရာများတွင် Scab:Sooty mold စသည့်⁠ရောဂါများ ⁠တွေ့ရှိရသည်။ ၎င်းမှို⁠ရောဂါများကို Bordauk Mixture’ Perenox : Topsein စသည့်⁠ဆေးများ⁠ဖြင့် ကာကွယ်⁠နိုင်ပါသည်။

⁠ရောဂါအ⁠နေ⁠ဖြင့် ထူးထူး⁠ခြား⁠ခြားမ⁠တွေ့ရပါ။ အချို့⁠နေရာများတွင် Scab:Sooty mold စသည့်⁠ရောဂါများ ⁠တွေ့ရှိရသည်။ ၎င်းမှို⁠ရောဂါများကို Bordauk Mixture’ Perenox: Topsein စသည့်⁠ဆေးများ⁠ဖြင့် ကာကွယ်⁠နိုင်ပါသည်။

-