ပါစတာ နှင့် Baked bean
ပါစတာ နှင့် Baked bean
ပါစတာ ကြိုက်သူတွေအတွက် ပါစတာ နှင့် Baked bean လုပ်နည်းလေးပါ။ သက်သက်လွတ်လည်းဖြင့်၊ အရသာရှိတဲ့ ပါစတာ လုပ်နည်းသစ် တမျိုးပါ။ ခုပဲ လုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပါစတာ – ၁ရ၀ ဂရမ်
- Baked Bean – စည်သွပ်၁ဗူး
- သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူ – ၂မွှာ (နှတ်နှုတ်ဆင်းပါ)
- တရုတ်နံနံ – စားပွဲတင်ဇွန်း ၁ဇွန်းစာ
- ပင်စိမ်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
- Oreganoရွက်(သို့) Oregano မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- ချိစ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ခြစ်တံဖြင့်ခြစ်ထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီ ဆူလာလျှင် ဆား(အနည်းငယ်)၊ ပါစတာများကို ကျက်သည်အထိ တည်ထားပေးပါ။
၂။ ပါစတာ ကျက်သွားလျှင် ပြန်ဆယ် ရေအေးစိမ်ပြီ ဇကာဖြင့် စစ်ထားပါ။
၃။ ပြီလျှင် ဒယ်ထဲ သံလွင်ဆီ ထည့်ကာ ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၎။ ပြီနောက် Baked bean စည်သွပ်များကို ဒယ်ထဲ လောင်းထည့်လိုက်ပြီ တရုတ်နံနံ၊ ပင်စိမ်း၊ oregano၊ တို့ဖြင့် ရောမွှေကာ ၂မိနစ်ခန့် တည်ထားပါ။
၅။ အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့် ဖြူးပေးပြီ မီးပိတ်လိုက်ပါ။
၆။ ပဲ ခရမ်းချဉ်သီးဆော့ရည် ရပြီဆိုလျှင် ပန်းကန်တစ်ခုထဲ ပါစတာ ခင်းကျင်းပြီ အပေါ်မှ ပဲ၊ ခရမ်းချဉ်သီးဆော့ရည်များကို လောင်းချလိုက်ပါ။
ရ။ ပြီလျှင် အပေါ်မှ ချိစ်လေးများ ဖြူးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
——————————————————————————————————