ထမနဲထိုးနည် (3)နည်း....

ထမနဲထိုးနည် (3)နည်း....
🍲🍲🍲🍲🍲🍲🍲
အဆင်​​ပြေမဲ့ နည်း​လေး
အသုံးပြုနိုင်​ရန်​ ဖြစ်​ပါတယ်​....
ထမနဲ (အလွယ်နည်း)..
လွယ်ကူပြီး အချိန်အကြာကြီး ထိုးစ၇ာမလိုပဲ စားလို့ ကောင်းတဲ့ ထမနဲ ထိုးနည်းပါ။
အိစံကတော့ ကောက်ညှင်းအမည်းနဲ့ လုပ်တဲ့ ထမနဲ ကိုကြိုက်တော့ ကောက်ညှင်းအမည်းကိုပဲသုံးထားပါတယ်။ ကောက်ညှင်းအမည်းနဲ့ ဆိုတော့ နှမ်းကိုလဲ အဖြူကိုပဲ သုံးထားပါတယ်။ ဒီ နည်းက အမ၀မ်းကွဲ တယောက် ကသင်ပေးထားတာပါ။
ပါဝင်သောပစ္စည်းများ..
၁။ ကောက်ညှင်းအမည်း (သို့ ) အဖြူ - ဆန်ချိန်ခွက် ၂ ခွက် (ထမင်းပေါင်းအိုးမှာပါတဲ့ ဆန်ချိန်ခွက်)
၂။ နှမ်းအဖြူ - ထမင်းစားဇွန်း ၂ ဇွန်း
(ကောက်ညှင်း အဖြူကို သုံးလျှင် နှမ်း အမည်း ထမင်းစားဇွန်း ၁ ဇွန်း နှင့် နှမ်းအဖြူ ထမင်းစားဇွန်း ၁ ဇွန်း)
၃။ အုံးသီး အဖတ်- ၁ ခွက် (သို့ ) လက်တဆုပ်စာ
၎။ မြေပဲ - ခွက် တ ၀က်
၅။ ဂျင်း - လက်တဆစ်
၆။ ဆီ - ခွက် လေးပုံ သုံးပုံ
၇။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
ပြုလုပ်နည်း...
၁။ ဂျင်းကို အချောင်းလေးများဖြစ်အောင် လှီးထားပါ။ မြေပဲ တ၀က်ကို ထောင်းထားပါ။ (အ၇မ်းညက်စ၇ာမလိုပါ။) နောက်ထပ် မြေပဲ တ၀က်ကို အလုံးကွဲ၇ုံ ပဲ ထောင်းပါ။
၂။ ကောက်ညှင်း အမည်းကို ပေါင်းအိုးထဲမှာ ထည့်ရ်ျေ၇အမှတ် ၄ မှာထားပြီး ထမင်းချက်တဲ့ အတိုင်းချက်ပါ။ ကောက်ညှင်းကျက်လျှင် ၁၅ မိနစ် ခန့် အဖုံးမဖွင့်ပဲ နှပ်ထားပါ။ (ရေနည်းနည်း ကျန်နေတတ်ပါတယ်။)
၃။ ထမနဲ ထိုးမည့် ဒယ်အိုးထဲ တွင် ဆီထည့်ရ်ျ ဆီ ကျက် လာလျှင် အုံးသီးဖတ် များထည့်ကြော်ပါ။ အနီေ၇ာင် သန်းလာလျှင် အုံးသီးဖတ်များကို ဆယ်ထားပါ။
၎။ အုံးသီးဖတ် ကြော်ထားသော ဆီထဲကို ဂျင်း ထည့်ပါ။ ဂျင်း အနံ မွှေးလာလျှင် ချက်ထားသော ကောက်ညှင်းများကို ထည့်ပါ။ ထမင်းအိုးထဲ မှာ ရေအနည်းငယ် ကျန်နေခဲ့ လျှင် အဲေ၇ကိုပါထည့်ရ်ျ လုံးပါ။ ဆားထည့်ပါ။ ၅ မိနစ်လောက် လုံးပြီးလျှင် အနည်းငယ် ညက်အောင်ထောင်းထားသော မြေပဲများကိုထည့်ပါ။ ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ခန့် ရေခြောက်ပြီး ကောက်ညှင်း များ လုံးလာပြီး ဆီပြန်လာသည်အထိ ထိုးပါ။
၅။ ရေခြောက်ပြီး ကောက်ညှင်းများလုံးလာလျှင် နှမ်း၊ အလုံးကွဲ၇ုံထောင်းထားသောမြေပဲ နှင့် ကြော်ထားသော အုံးသီးဖတ် တ၀က်ကို ထည့်ရ်ျ မွှေပါ။ အကုန် နှံ့ လျှင် မီးဖိုပေါ်မှ ချပါ။
၆။ ပန်းကန်ထဲတွင်ထမနဲ ကို ထည့် ချန်ထားသော အုံးသီးဖတ်ကြော်ကို အပေါ်က ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
(၁ ခွက်= 1 Cup= 240 ml, ထမင်းစားဇွန်း = 1 Tablespoon = 15ml, လက်ဖက်၇ည်ဇွန်း= 1 Teaspoon = 5 ml)
Credit: Ei San's Homemade Inspiration
ထမနဲ...(​နောက်​တစ်​နည်း)
ကောင်ညှင်းဆန်နို့ဆီဘူး၂ဘူးကိုရေ၆နာရီလောက်စိမ်ပီးဇကာနဲ့စစ်ထားပါ..
အုန်းသီးတလုံကိုပါးပါးလေးတေလှီး
ပီးဆီနဲ့ကြွပ်အောင်ကြော်ထားပါ....
ကြက်သွန်ဖြူ၁၀သားခန့်အခွံခွာထားပါ(ဥတလုံး)..
.ဂျင်း၅ကျပ်သားခန့်ပါးပါးလှီးထားပါ..မြေပဲဗူးတဝက်လှော်ထားပါအခွံချွတ်ထားပါ....ဆီကိုတော၃၀သားခန့်သုံးထားပါတယ်...နှမ်းမဲဗူးတဝက်ကိုမွှေးအော်လှော်ထားပါ....
ပထမဦးဆုံးထိုးမဲ့ဒယ်အိုးထဲရေစစ်ထားတဲ့​ကောက်ညှင်းတေထည့်ပီးနီညိုရောင်သန်း
လာအောင်လှော်ပါတယ်...
ဆီ၂၀သာကိုဒယ်အိုးထဲထည့်ပီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပီးလှော်ထားတဲ့ကောက်ညှင်းတေထည့်ကာသမအောင်ရောကြော်ပါ...
ဆားထမင်းစားဇွန်းတဇွန်းထည့်ပါ..ရေ၁လီတာခန့်ကောက်ညှင်းမြုတ်အောင်ထည့်ပီးအဖုံးအုပ်ပီးနှပ်ပေးပါ..မကြာမကြာအပေါ်အောက်လှန်ပေးပါ...
ကောက်ညှင်းနှပ်ရင်မြေပဲနှမ်းအုန်းသီးကြော်တို့ကိုထည့်ရောမွှေပီးသမအောင်ယောင်မနဲ့ထိုးမွှေပေးပါ..ကျန်တဲ့ဆီ၁၀သားကိုထပ်ထည့်ပီးမွှေပေးပါ..
ပုံထဲကအတိုင်ဖြစ်လာရင်မီးပိတ်အအေးခံပီးစားဖို့အသင့်ဖြစ်ပါပီရှင်
ပေးပို့သူ - Yamin Swe
အမှတ်​စဉ်​ - ၄၁
Fancooking #shareyourrecipes
My food myanmar
ထမနဲ ထိုးနည်း.....
ထမနဲ အချိုး
ဒီအချိုးဟာ ရှေးမြန်မာလူကြီးများလက်ဆင့်ကမ်းလာ
တဲ့အချိုးဖြစ်သလို
ဆရာမကြီးခင်ခင်ထူးရဲ.မအိမ်ကံဝတ္ထု ထဲမှာလည်းဖော်ပြထားတာတွေ.ရ
ပါတယ် ( စကားချပ် )
(၁) ကောက်ညှင်းဆန်.......(၄)ပြည်
(၂ )မြေပဲ.......................(၈၀) ကျပ်သား..
(၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိဿာ
(၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား
(၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား..
(၆) ဆား.........................(၇) ကျပ်သား.
(၇) ချင်း..........................(၁၅) ကျပ်သား
ထမနဲ မထိုးခင်...
ကောက်ညှင်းဆန်တွေကိုရေဆေးပြီးအနည်းဆုံး (၃) နာရီခန်.
ကြိုတင်ရေစိမ်ထားရပါမယ်...။
မြေပဲတွေကို လှော်ပြီးအခွံတွေပြောင်စင်နေအောင်သန်.စင်ပါ ။ ၂ ခြမ်းကွဲသွား
အောင်လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။
(အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် )
နှမ်းတွေကိုလည်း သန်.စင်ပြီး(လိုအပ်ပါက) လှော်ထားပါ။
အုန်းသီးတွေကို အနေတ်ာပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ
(၃) နာရီလောက်ဇကာနှင့်ဖြန်.လှန်းထားပါ။
ချင်းတွေကိုအခွံခွါ ရေဆေးပြီး..မျှင်မျှင်လေးတွေလှီးပါ။
ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။
ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကိုရွှေအိုရောင်ရအောင်
ကြော်ပြီးဆီစစ်ထားပါ ။
ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ ။ အနံ.မွှေးပြီးနွမ်းလာလျှင် ရေစစ်ထားတဲ့
ကောက်ညှင်းဆန်တွေထည့်ပေါင်းကာ...သစ်သားယောင်းမအရှည်နှင့်မွှေပေး
ပါ ( ကြော်ချင်ဟန်ပြု ပါ )
ဆီနဲ.တွေ.ပြီးကောက်ညှင်းတွေအကြော
တင်းသွားပြီဆိုမှ...ဆားဖြင့်အရသာ
သွင်းပါ ၊
ကောက်ညှင်းဆန်အထက် ရေ လက် ၂ ဆစ်ခန်.ထည့်ပြီး..စကောကြီးကြီးများ
ကိုလက်ကိုင်ကွင်းတပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။
ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်ယောင်းမနဲ.နှံ..အောင်မွှေ
ပေးရပါမယ်..။
ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကိုလျှော့ချပြီး...ငှက်ပျောဖက်အုပ်
အဖုံး ၊ ဖုံးကာ နှပ်ပေးရပါမယ်...။
ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို.နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင်
ပြီးမွှေသူ၂ဦးရဲ.ယောင်းမအရင်းကနေကိုင်ပြီးကောက်ညှင်းတွေကိုပွတ်ချေပေး
ရပါတယ်( ထိုအလယ်လူနေရာကိုထမနဲကျွမ်းကျင်သူအိုးသူကြီးများတာဝန်ယူ
တာများပါတယ် )
ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.) အစိမ်းများကို ထည့်ကာ သမသွားအောင်နယ်ပေးပါမှ..
ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။
(မှတ်ချက်)ကျွန်တော့်ငယ်ဘ၀နှစ်စဉ်အိမ်မှာထမနဲ ထိုးတော့..မိုးဗြဲဒယ်ကြီး
တွေတည်ဖို. မြေကြီးကို တွင်းတူးပြီး အုတ်နီခဲများနဲ.ခနောက်ဆိုင်ပြုလုပ်ကာ
မီးဖို(ယာယီပြုလုပ်တတ်ပါတယ် )
ဒီလိုပြုလုပ်တာဟာ မီးအရှိန်ကြောင့်လူပင်ပန်းမှုကိုသက်သာ
စေသလို လေတိုက်နှုန်းတွေကြောင့်မီးညွန်.
တွေမလှုပ်ရှားစေပဲ
ထိရောက်တဲ့အပူရှိန်ကိုရရှိစေတယ်လို.ဆိုပါတယ်
နယ်တဲ.အချိန်လည်းထိုကြွင်းမျိုး
မှာပြုလုပ်လေ့ရှိပါတယ်။
အားနဲ.အင်နဲ.ပြုလုပ်( နယ်တဲ့အချိန်မှာလည်းဒယ်အိုးဖင်ငြိမ်ပြီးမွှေသူရော၊
ကြိတ်ချေသူကိုပါ သက်သာစေသလို မုန်.ကိုလည်းမိမိလိုချင်တဲ့အနေအထား
ရောက်တယ်လို. ထမနဲအိုးသူကြီးများထံမှမှတ်သားဖူးပါတယ်..။
ထမနဲထိုးနည်းကဗျာ
*************
ထမနဲ ထိုးရန်ဖို.. စာချိုးလို.မှာခဲ့မယ်...
တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာ ဆီအမှန်သွင်းပါလို.
ချင်း( ဂျင်း) က သုံးဆယ်
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အတူဖတ်ပါလို.
နှမ်းမပြတ်ဤနည်းနှယ်
ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်
ရောနှောကလူအများတို.ရယ်
အားသစ်လို.ထိုး ...။
( အမည်မသိ )
KokoPwar
Photo credit

Image may contain: food


Image may contain: food


Image may contain: food

Image may contain: food

Image may contain: food